ဂီရိ မုန်တိုင်း နှစ်ပတ်လည် ကျင်းပ

giri
Image caption ဂီရိ မုန်တိုင်း

အောက်တိုဘာ၂၂ ရက် ၂၀၁၁ ခုနှစ် ဟာ ရခိုင် ပြည်နယ် အတွင်း ကို ဂီရိ မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့တာ တနှစ် ပြည့် နှစ်ပတ်လည် နေ့ပဲဖြစ် ပါတယ်။

အဲဒီနေ့မှာ ဂီရိ မုန်တိုင်း နှစ်ပတ်လည် အောက် မေ့ဖွယ် အခမ်း အနား တွေကို ရခိုင် ပြည်နယ်က ကျောက်ဖြူ၊ သံတွဲနဲ့ ထိုင်းနိုင်ငံက မဲဆောက်မြို့ တွေမှာ ကျင်းပ ခဲ့ကြ ပါတယ်။

ကျောက်ဖြူမြို့က သန္တာမြေ အဘိုးအဘွား ဓမ္မရိပ်သာ နဲ့ ဘုန်းတော်ကြီး ပညာသင် ကျောင်း မှာ ကျင်းပခဲ့တဲ့ အခမ်းအနား ကိုဆိုရင် လူပေါင်း ၁၂၀ နီးပါးခန့် တက်ရောက် ခဲ့ကြပါတယ်။

ဂီရိ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ လူပေါင်း ၂ သိန်း ၆ သောင်း လောက်ထိခိုက် ခဲ့ရပြီး ၊ လူပေါင်း ၇ သောင်းလောက် လဲ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အခုတော့ မုန်တိုင်း ဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ ဒေသခံ ပြည်သူတွေရဲ့ ငါးလုပ်ငန်းကတော့ ၇၅ ရာခိုင်နှုန်းလောက်ကို ပြန်လည် ထူထောင်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အန်ဂျီအို တွေက ပေးတဲ့ မျိုးစပါးတွေမအောင်မြင်လို့ စိုက်ပျိုးရေး ပိုင်းမှာတော့ အခက်အခဲတွေ ရှိနေပါ တယ်။

ပျက်စီးခဲ့ ရတဲ့ အိုးအိမ် တွေရဲ့ ၆၀ ရာခိုင်နှုန်းကိုလဲ ပြန်လည် ထူထောင် နိုင်ခဲ့ပြီး ဖြစ်ပေမယ့် အလုပ်အကိုင် ရှားပါးပြီး ကုန်ဈေးနှုန်း ကြီးမြင့် တဲ့ အတွက် ဒေသခံ ပြည်သူ တွေမှာ အခက် အခဲ တွေနဲ့ ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။