လစ်ဗျားမှာ၈လ အတွင်း ရွေးကောက်ပွဲ လုပ်မယ်

jibril ဓာတ်ပုံ မူပိုင် BBC World Service
Image caption မာမွတ် ဂျီဘရီလ်

လစ်ဗျား ဝန်ကြီးချုပ် မာမွတ်ဒ် ဂျီဘရီလ် က ကဒါဖီ ခေတ်လွန် လစ်ဗျား နိုင်ငံ အတွက် ရွေးကောက် ပွဲကို အလွန်ဆုံး ၈ လ အတွင်း မှာပဲ ကျင်းပ ပေးသွား မယ်လို့ဆို ပါတယ်။

ဂျော်ဒန် နိုင်ငံ မှာ ရောက်ရှိ နေတဲ့ မစ္စတာ ဂျီဘရီလ် က ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ကို ရေးဆွဲ နိုင်ဖို့ မဲဆန္ဒရှင် တွေ အနေနဲ့ အမျိုးသား ကွန်ဂရက် တခုကို ရွေးကောက် တင်မြှောက် ကြမှာ ဖြစ်ပြီး အဲဒီနေ ဆန္ဒခံ ယူပွဲကို လုပ်ဆောင် သွား မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အဲဒီ ကွန်ဂရက် ကပဲ လစ်ဗျား ရဲ့ ပထမ ဆုံး သမ္မတ ရွေးကောက်ပွဲ မကျင်းပ ခင် အထိ ကြားဖြတ် အစိုးရ တခုကို ဖွဲ့စည်း မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္ဂနွေ နေ့မှာ တော့ လစ်ဗျား ရဲ့ အသွင်ပြောင်း အစိုးရ အဖွဲ့က အာဏာပိုင် တွေက တရားဝင် လုံးဝ လွတ်လပ် ရေး ကို ကြေငြာ မှာ ဖြစ်ပါတယ်။