မဲအသာရပေမယ့် အစိုးရဖွဲ့လောက်အောင် အနိုင်မရ

ဓာတ်ပုံ မူပိုင် Reuters
Image caption Ennahda ပါတီက အောင်နိုင်ပေမယ့် အစိုးရ မဖွဲ့နိုင်

တူနီးရှားမှာ ပထမဆုံး ကျင်းပတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင် ရလဒ် ကြေညာချက်တွေ ထွက်လာ ပြီးတဲ့နောက် အစ္စလာမ်ဝါဒီ Ennahda ပါတီ က တခြား လက်ဝဲယိမ်း ပါတီနှစ်ခုနဲ့ ညွန့်ပေါင်း ဖွဲ့ဖို့ ဆွေးနွေးနေပါတယ်။

အန်နက်ဒါ ပါတီက ရှေ့က ဦးဆောင်နေပေမယ့် တပါတီထဲက အစိုးရ ဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက် မရခဲ့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာခဲ့ ပါတယ်။

တူနီးရှား ပြည်သူတွေဟာ လွှတ်တော် ဖွဲ့စည်းနိုင်ဖို့ မဲပေးနေကြတာ ဖြစ်ပြီး အဲဒီ လွှတ်တော် ကနေ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲမယ် ၊ နောက်ပြီး ယာယီ သမ္မတနဲ့ ယာယီ ဝန်ကြီးချုပ် တို့ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

အန်နက်ဒါ ပါတီဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် အတွင်း ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတဟောင်း ဘန်အလီ လက်ထက်မှာ တရားမဝင် ပါတီအဖြစ် တားမြစ် ခံထား ရတာ ဖြစ်ပါတယ်။

သူတို့ပါတီက ပါတီစုံ ဒီမိုကရေစီ စနစ်ကို ထောက်ခံ ကျင့်သုံးသွားမယ်လို့ အန်နက်ဒါ ပါတီက ကတိကဝတ် ပြုခဲ့ပါတယ်။