ငလျင် ဒဏ်ခံ ရက်သား ကလေး တူရကီ မှာ ကယ်ဆယ်နိုင်

turkey earthquake ဓာတ်ပုံ မူပိုင် Reuters
Image caption ငလျင် ဒဏ် ခံ ပြီး ၂ ရက် အကြာမှာ ကယ်ဆယ်နိုင် တဲ့ ၁၄ ရက်သား လေး

တူရကီ နိုင်ငံ အရှေ့ပိုင်း မှာ ငလျင်ဒဏ် ခံခဲ့ရတဲ့ အဆောက်အဦ အပျက်အဆီး ပုံထဲ က ၁၄ ရက်သား ကလေးငယ် တဦး ကယ်ဆယ် လိုက်နိုင် ကြ ပါတယ်။

နောက် နာရီပိုင်း အတွင်းမှာ တော့ သူ့ မိခင် နဲ့ အဖွား တို့ ကို လည်း ကယ်ဆယ် ရေး လုပ်သား တွေ ကယ်ဆယ် လိုက်နိုင် ပါတယ်။

ငလျင်ဒဏ် ခံရပြီး ၂ ရက် အကြာ မှာ ကယ်ဆယ် ရေး လုပ်သားတွေ က အခုလို တွေ့ရှိ ကယ် ဆယ် နိုင်တာပါ။

အခု သတင်းရေးချိန် ထိတော့ သူ့ရဲ့ ဖခင် ကို အပျက်အဆီး ပုံတွေ ကြားထဲမှာ ရှာဖွေကြ တုန်းပါ။

တူရကီ ငလျင်ကြောင့် လူပေါင်း ၄၃၀ အသက်ဆုံးရှုံး ခဲ့ရပြီ လို့လည်း သိရ ပါတယ်။

အိမ် အလုံးပေါင်း ၂၀၀ ကျော်လည်း ငလျင် ကြောင့် ပြိုကျ ခဲ့ ပါတယ်။

အိုးအိမ်မဲ့ သွားကြတဲ့ လူတွေလည်း ဆောင်းတွင်းကာလ ရေခဲ မတတ် အေးနေတဲ့ အအေး ဒဏ် ကို ခံစား နေကြရပြီး တူရကီ အစိုးရ ကတော့ အကူအညီ ပိုပေး တော့မယ် လို့ ကတိ တွေ ပြုနေ ပါတယ်။