မိုက်ကယ်ဂျက်ဆင် ဆရာဝန်ကို လူသေမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါက်တာ Conrad Murray ကို တရားခွင်မှာ တွေ့ရပုံ

ကမ္ဘာကျော် ပေါ့အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ဆရာဝန် Conrad Murray ဟာ လူသေမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ထွက်လာခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်တုန်းက မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့ မှုမှာ ဒေါက်တာမာရေးမှာ အထိုက်အလျောက် တာဝန်ရှိတယ်လို့ လော့စ် အိန်ဂျယ်လစ်မြို့မှာ ဒီအမှုကို ကြားနာခဲ့တဲ့ ဂျူရီ လူကြီးတွေက ဆုံးဖြတ် ခဲ့ကြပါတယ်။

အမှု စစ်ဆေးနေတဲ့ သီတင်းခြောက်ပတ်တာ ကာလအတွင်း အာမခံ ပေးထားတဲ့ ဒေါက်တာ မာရေးကို လာမယ့် နိုဝင်ဘာ ၂၉ရက် ပြစ်ဒဏ် စီရင်မယ့် နေ့အထိ ဖမ်းထားမှာ ဖြစ်ပါတယ်။

သူဟာ စမ်းသပ်ကာလနဲ့ နေထိုင်နိုင်မဲ့ ပြစ်ဒဏ် ဒါမှမဟုတ် ထောင်ဒဏ် ၄နှစ် အထိ ကျခံ ရနိုင်ဖွယ် ရှိပါတယ်။

အသက် ၅၈နှစ် ရှိပြီ ဖြစ်တဲ့ ဒေါက်တာ မာရေးဟာ မိုက်ကယ်ဂျက်ဆင်ကို မေ့ဆေးပြင်းတွေ ထိုးပေးခဲ့ပြီး အခန်းထဲမှာ တယောက်တည်း ပစ်ထားခဲ့တယ်လို့ စွပ်စွဲ ခံနေရ ပါတယ်။

ဒါပေမယ့် ဒေါက်တာမာရေးရဲ့ ရှေ့နေကတော့ ဆရာဝန် အခန်းထဲကနေ ထွက်သွားတုန်း သူ့သဘောနဲ့သူ အိပ်ဆေး အပြင်းစား အလွန်အကျွံ ထိုးခဲ့တာလို့ ပြောပါတယ်။