အီရန် နျူကလီးယား အစီအစဉ် စစ်ရေးအတွက် ရည်ရွယ်ကြောင်း ပြနေ

ဓာတ်ပုံ မူပိုင် AP
Image caption IAEA အဖွဲ့ စစ်ဆေးမှု လုပ်ဆောင်နေပုံ

အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ကောင်း ထုတ်လုပ်မယ့် အထောက်အထားတွေ တွေ့ရတယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူ အေဂျင်စီ IAEA ရဲ့ အစီရင်ခံစာ အပေါ် အီရန်က အပြင်းအထန် တုန့်ပြန်ခဲ့ပါတယ်။

IAEA ရဲ့ တွေ့ရှိချက်တွေ နိုင်ငံရေး အရ တွန်းအားပေးမှု ပါဝင်နေတယ် ဆိုပြီး အီရန်က ရှုတ်ချခဲ့ပါတယ်။

သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ နိုင်ငံ တည်ငြိမ်း အေးချမ်းစေရေး အတွက် ရည်ရွယ်တာပါဆိုပြီး တချိန်လုံး ပြောခဲ့တာပါ။

အီရန်ဟာ နျူကလီးယား ဗုံးထုတ်လုပ်နေတယ်လို့တော့ IAEA က ရှင်းရှင်းလင်းလင်း ဖော်ပြမထား ပေမယ့် အီရန်ရဲ့ နျူကလီးယား သုတေသန အစီအစဉ်တွေက စစ်ရေး အတွက် ရည်ရွယ် ထုတ်လုပ်နေတာ ပြနေတယ်လို့ ဆိုပါတယ်။

အမေရိကန် အရာရှိ တယောက်ကတော့ အမေရိကန် အစိုးရက အီရန် အပေါ် နောက်ထပ် ပိတ်ဆို့မှုတွေနဲ့ အရေးယူ သွားမယ်လို့ ပြောပါတယ်။