မက္ကဆီကိုအစိုးရ မူးယစ် နှိမ်နင်းပုံ ဝေဖန်ခံရ

mexico ဓာတ်ပုံ မူပိုင် BBC World Service
Image caption မက္ကဆီကိုမှာ မူးယစ် ဆက်နွယ် အကြမ်းဖက်မှုကို ဆန္ဒပြ

မက္ကဆီကို လုံခြုံရေး တပ်ဖွဲ့ တွေ ဟာ မူးယစ် ဆေး ဂိုဏ်းတွေ ကို နှိမ်နင်းရာမှာ ညှဉ်းပန်းနှိပ် စက် မှု တွေကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ် နေတယ် လို့ လူ့အခွင့် အရေး အဖွဲ့ Human Rights Watch က ပြောပါတယ်။

ဒီအခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးတာတွေလည်း မရှိဘူးလို့ လူ့အခွင့် အရေး အဖွဲ့က ပြောပါတယ်။

အရပ်သားတွေ ကို စစ်တပ်ကရော ရဲ ကပါ အမှု စစ်ရုံးတင်ခြင်း မရှိပဲ သတ်ပစ်တဲ့ အထောက် အထား တွေ တွေ့ရှိရ သလို၊ လူပျောက်မှု တွေ၊ စံနစ်တကျ နှိပ်စက် ညှဉ်းပန်းမှု တွေ ရှိနေ တာကို စုံစမ်းသိရှိရပုံ ပြောပါတယ်။

မက္ကဆီကို သမ္မတ ဖီးလစ် ကယ်လ်ဒရွန်က သူ့ အစိုးရ ဟာ ရေရှည် နိုင်ငံ လုံခြုံရေး အတွက် လူ့အခွင့်အရေး ကာကွယ်ရေး ကို ဦးစားပေး လုပ်နေကြောင်း ပြောပါတယ်။

ဒီအမှု တွေ အားလုံးကိုလည်း သေချာ စုံစမ်းစစ်ဆေး ခြင်းမရှိသလို မှတ်တမ်းမှတ်ရာ လည်း မပြုစုထားကြောင်း၊ ဒါကြောင့်မို့ အကြမ်းဖက်မှု တွေဟာ လျော့ပါးသွား ရမယ့်အစား ဉပဒေ စိုးမိုးမှု ကင်းမဲ့တာရယ်၊ အကြောက်တရား တိုးပွားနေတာကြောင့် မက္ကစီကို အစိုးရ ရဲ့မူး ယစ်ဂိုဏ်း နှိမ်နင်းမှု မထိရောက်တာကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က ပြောပါတယ်။