ပါလက်စတိုင်းအဖွဲ့ဝင်ဖြစ်လာလို့ ယူနက်စကို ငွေကြေးအခက်ကြုံ

Image caption ယူနက်စကို အကြီးအကဲ Irina Bokova

ထောက်ပံ့ ကူညီငွေတွေ ဖြတ်တောက်မယ် ဆိုတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့အဖွဲ့စည်းရဲ့ စီမံကိန်း သစ်တွေကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ကုလသမဂ္ဂ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ ယူနက်စကိုက ပြောပါတယ်။

မကြာသေးခင်က ပါလက်စတိုင်းကို ယူနက်စကိုက အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ခဲ့ ပြီးတဲ့နောက် အမေရိကန်က အခုလို ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ဒီပြဿနာကြောင့် ယူနက်စကို အဖွဲ့ကြီးရဲ့ ရံပုံငွေ ဒေါ်လာ ခြောက်သန်းကျော် လျှော့နည်း သွားတယ်လို့ ဆိုပါတယ်။

အခုကနေ ဒီဇင်ဘာ လကုန် အထိ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြန်လည် သုံးသပ်ပြီး စီမံကိန်း အသစ်တွေကို ရပ်ဆိုင်းထားမယ်လို့ ယူနက်စကို အကြီးအကဲ Irina Bokova က ပြောပါတယ်။