Saddi Gaddifi ကို နီဂျဲက ခိုလှုံခွင့်ပေးလို့ လစ်ဗျား ပြစ်တင်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီ သားတွေထဲက တယောက်ဖြစ်တဲ့ Saadi Gaddafi

လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီရဲ့ သား Saadi Gaddafi ကို နိုင်ငံရေး ခိုလှုံခွင့် ပေးတာဟာ သူ့အဆိုအရ ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် နီဂျဲနိုင်ငံ အနေနဲ့ ဒါကို ပြန်လည် သုံးသပ်ဖို့ လစ်ဗျား အစိုးရသစ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်း လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားစေတယ်လို့ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ ဒုတိယ ဥက္ကဌ Abdel Hafidh Ghoga က ပြောပြီး နီဂျဲ နိုင်ငံဟာ ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကို နိုင်ငံရေး ခိုလှုံခွင့် ပေးတဲ့နေရာ ဖြစ်မလာ စေဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

Saadi Gaddafi လစ်ဗျား ဘောလုံးအသင်း အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့တုန်းက ပြစ်မှု စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့ကို လက်ရှိ လစ်ဗျား အစိုးရက အလိုရှိနေတာ ဖြစ်ပါတယ်။