ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွား

ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်မှုတွေကို စနေနေ့ နောက်ဆုံးထား ရပ်ဆိုင်းဖို့ အာရပ်အဖွဲ့ချုပ်က ပြောကြားထား

ဆီးရီယားသမ္မတ ဘာရှား အဲလ် အာဆတ် အစိုးရအနေနဲ့ ဆန္ဒပြမှုတွေ အပေါ် နှိပ်ကွပ် နေတာတွေကို ရပ်ဆိုင်းဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်က ပြောကြားထား ပေမယ့်လည်း အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေ ဆဲ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အကြမ်းဖက်မှုတွေကို စနေနေ့ နောက်ဆုံးထား ပြီး ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့ အာရပ်အဖွဲ့ချုပ် က ပြောကြားထားတာ ဖြစ်ပါတယ်။

အုံကြွပေါက်ကွဲတော့မယ့် အခြေအနေမျိုး ရှိနေတဲ့ ဟုမ်းစ်မြို့ မှာလည်း သေနတ်သံတွေ ကြားနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သောကြာနေ့ကတော့ ဆန္ဒပြပွဲတွေကို လုံခြံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံ တလွှား အနည်းဆုံး လူ ၁၁ ဦး သေဆုံးသွားခဲ့ပါတယ်။

အာရပ်အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေကို အကောင်အထည်ဖေါ် လုပ်ဆောင်ဖို့ အတွက် လူငါးရာပါတဲ့ လေ့လာဆန်းစစ်ရေး အဖွဲ့တဖွဲ့ စေလွှတ်မှာကို ဆီးရီးယား အစိုးရက လူလျှော့ပေးဖို့ တင်ပြထားတဲ့ အပေါ် အာရပ်အဖွဲ့ချုပ်က စဉ်းစားနေပါတယ်။

ကနဦး သဘောတူထားတာမျိုး မဟုတ်ဘဲ လူအနည်းငယ်သာ ပါတဲ့ လေ့လာရေးအဖွဲ့ကိုသာ ဆီးရီးယားအစိုးရက လက်ခံချင်နေပုံ ပေါ်တယ်လို့ သတင်းတွေက ဆိုပါတယ်။