အီရန်ကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါက ထပ်မံပိတ်ဆို့ အရေးယူ

Image caption အီရန် အပေါ် ထပ်မံ ပိတ်ဆို့ အရေးယူပြီ

အီရန်နိုင်ငံက ရေနံနဲ့ စွမ်းအင် လုပ်ငန်းတွေ အပေါ် ထပ်မံ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့ပါတယ်။

သူတို့ အဆိုအရ ငွေကြေး ခဝါချမှုတွေကို အဓိက လုပ်ဆောင်နေတဲ့ အီရန် နိုင်ငံက ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ ရပ်ဖို့ကိုလည်း အမေရိကန်က သတိပေး ထားပါတယ်။

အီရန်ဟာ နျူကလီးယား လက်နက် ထုတ်နေတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ IAEA ရဲ့ အစီရင်ခံစာ ထွက်ပေါ်ခဲ့ ပြီးတဲ့နောက် ဗြိတိန်နဲ့ ကနေဒါတို့ကလည်း အီရန် အပေါ် ပိတ်ဆို့ အရေးယူဖို့ ကြေညာ ခဲ့ပါတယ်။

အီရန်ကတော့ သူတို့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။