ဘာရိန်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုန်း ထပ်ဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြတွေ အင်အား အပြည့်နဲ့

ဘာရိန်း နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

နိုင်ငံ အရှေ့မြောက်ဖက်က Sitra မြို့မှာ ဖြစ်ပွားခဲ့ပြီး လူအယောက် သုံးထောင် လောက်ရှိတဲ့ ဆန္ဒပြသမားတွေကို ရဲက မျက်ရည်ယိုဗုံးတွေ သုံးကာ လူစုခွဲခဲ့ ရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ တုန်းက ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲ တွေမှာ လုံခြုံရေး တပ်တွေက အင်အား အလွန်အကျွံ သုံးခဲ့တယ် ဆိုတာ အာဏာပိုင်တွေက ဝန်ခံခဲ့ပြီး နောက်တနေ့မှာ အခုလို ဆန္ဒပြမှုတွေ ထပ်ဖြစ်ခဲ့တာပါ။

အဲဒီ ဖေဖော်ဝါရီလ ဆန္ဒပြမှုတွေ တုန်းက လူ၂၄ယောက် သေတယ်လို့ အစိုးရ ဖက်က ပြော ပေမယ့် အတိုက်အခံ တွေကတော့ သေဆုံးသူ အရေအတွက်ဟာ လေးဆယ် နီးပါး ရှိတယ်လို့ ဆိုပါတယ်။