ဆန္ဒပြမှုတွေကို အကြမ်းမဖက်ဖို့ အီဂျစ် ကို တောင်းဆို

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်နေပြီး ဆန္ဒပြသူ တွေကလည်း လောင်စာဗုံးတွေနဲ့ပစ်

အီဂျစ်နိုင်ငံက တက်ကြွလှုပ်ရှားသူတွေရဲ့ စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အပေါ် အကြမ်းဖက်နှိပ်ကွပ်မှုတွေ အဆုံးသတ်ဖို့ ဖိအားပေးမှုတွေ တိုးမြင့် လာနေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ က အီဂျစ်က ဆန္ဒပြသူတွေ အပေါ် အင်အား အလွန်အကျွံသုံး ဖြိုခွဲနေတာတွေကို ရပ်တန့်ဖို့ တောင်းဆို လိုက်ပါတယ်၊ နောက်ပြီး လွတ်လပ် တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။

ဆန္ဒပြသူတွေအပေါ် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေသုံးပြီး ဖြိုခွဲနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် စိုးရိမ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ကလည်း ထုတ်ဖေါ် ပြောဆို ပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာ ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ကိုင်ရိုမြို့ တာဟီရာ ရင်ပြင် တဝိုက် ဆက်လက် ဖြစ်ပွား နေပါတယ်။

ဆန္ဒပြသူတွေကလည်း ခဲတွေ၊ လောင်စာဗုံးတွေနဲ့ ပြန်လည် ပစ်ပေါက်နေကြပါတယ်။