နာဆာကအင်္ဂါဂြိုဟ်သွား စက်ရုပ်ကားလွှတ်တင်

curiosity
Image caption Curiosity အင်္ဂါဂြိုဟ် သွား စက်ရုပ်ကား

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ နာဆာက ခေတ်အမှီဆုံး ဂြိုဟ်မျက်နှာပြင်သွား စက်ရုပ်ကား တစင်းကို အင်္ဂါ ဂြိုဟ်ဆီကို လွှတ်တင် လိုက်ပြီ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ ကိပ် ကာနေ ဗာရယ်လ် စခန်း ကနေပြီး အလေးချိန် အားဖြင့် ၁ တန် နီးပါး လောက်ရှိတဲ့ ဂြိုဟ် မျက်နှာပြင် သွားယာဉ်ကို အက်တလပ်စ် ဒုံးပျံ ပေါ်တင်လို့ လွှတ်တင်လိုက် တာ ဖြစ်ပါတယ်။

Curiosity လို့ အမည်ပေးထားတဲ့ ဒီ စက်ရုပ် ကားဟာ အရင် လွှတ်တင် ထားခဲ့ ပြီး ဖြစ်တဲ့ ဂြိုဟ် သွားယာဉ် စက်ရုပ် ကားတွေ ထက်အများကြီး ပိုသာတယ်လို့ ဆိုပါတယ်။

ဒီ စက်ရုပ် ကားမှာ အင်မတန် အဆင့်မြင့်တဲ့ ကိရိယာတွေ တပ်ဆင် ပေးထားပြီး အရင်က ဒီ ဂြိုဟ်နီကြီး ပေါ်မှာ သက်ရှိတွေ ရှိခဲ့မလား ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စူးစမ်း လေ့လာ သွားမှာ ဖြစ်ပါတယ်။