မိုက်ကယ်ဂျက်ဆင် ဆရာဝန်ကို ထောင်လေးနှစ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption မိုက်ကယ် ဂျက်ဆင်ကို စိတ်ငြိမ်ဆေး အပြင်းစားတွေ ပေးခဲ့တဲ့ Dr Conrad Murray

ကမ္ဘာကျော် ပေါ့ပ် အဆိုရှင် မိုက်ကယ် ဂျက်ဆင်ရဲ့ ဆရာဝန် Dr Conrad Murray ကို လူသေမှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ ထောင်လေးနှစ် ချလိုက်ပါပြီ။

မစ္စတာ မာရေးဟာ ဆက်တိုက် လိမ်ညာ ပြောဆိုခဲ့ပြီး ဆရာဝန်တွေ လိုက်နာကျင့်သုံးရမယ့် အချက်တွေကို ချိုးဖောက်ပြီး လူနာကို ဆေးပြင်းတွေ ပေးခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။

အခုလ အစောပိုင်းတုန်းကတော့ မိုက်ကယ်ဂျက်ဆင်ကို စိတ်ငြိမ်ဆေး အပြင်းစားတွေ အလွန်အကျွံ ပေးခဲ့ပြီး လူသေမှုနဲ့ အပြစ်ရှိကြောင်း မစ္စတာ မာရေးက ဝန်ခံခဲ့ပါတယ်။

ဒေါက်တာမာရေးဟာ အမှားလုပ်မိလို့ သံဝေဂ ရတဲ့ပုံ မတွေ့ရဘဲ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွက် ဆက်လက် အန္တရယ် ရှိသူ တယောက် ဖြစ်တယ်လို့ လော့စ် အိန်ဂျလိစ် တရားရုံးက တရားသူကြီး မိုက်ကယ် ပါစ်တာက ပြောပါတယ်။

နစ်နာကြေး ဒေါ်လာ သန်းတရာ ပေးဖို့ အမိန့်ကိုလည်း ရွေ့ဆိုင်း ထားပါတယ်။