လစ်ဗျားမှာ အကျဉ်းသား ခုနှစ်ထောင်လောက် ဖမ်းထား

Image caption လစ်ဗျားက အဘူစံလင်း အကျဉ်းထောင်

လစ်ဗျားက လက်ရှိ တော်လှန်ရေး အစိုးရ လက်အောက်မှာ ယာယီ ထိန်းသိမ်းရေး စခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ဖမ်းထားသူ ခုနှစ်ထောင်လောက် ရှိပြီး ရဲနဲ့ တရားရုံးတွေ ကောင်းကောင်း လည်ပတ်မှု မရှိသေးတာကြောင့် အဲဒီ အကျဉ်းသားတွေဟာ ဥပဒေကြောင်း အရ ဆောင်ရွက်မှုတွေကို ဆက်လက် မလုပ်ဆောင်နိုင်ကြဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

တချို့ ထိန်းသိမ်းခံထားရသူတွေဟာ နှိပ်စက်ခံရပြီး အဲဒီထဲက အများစုဟာ ကဒါဖီ လက်ထက်တုန်းက ကြေးစား စစ်သားအဖြစ် ငှားထားတဲ့ အာဖရိက ဆာဟာရ ဒေသ နိုင်ငံတွေက လာရောက် အလုပ်လုပ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ ဒီကိစ္စကို အလျင်အမြန် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်လို့ လစ်ဗျားနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး အီရန်မာတင်က ပြောပါတယ်။

ဒါပေမယ့် တော်လှန်ရေးတုန်းက ပါဝင် တိုက်ခိုက်ပေးခဲ့သူတွေ ဆီက လက်နက်တွေ ပြန်သိမ်းဖို့ အတွက် လစ်ဗျားနိုင်ငံဟာ တကယ့်ကို စိန်ခေါ်မှု တရပ်နဲ့ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။