အစုရှယ်ယာ စျေးတွေ တဟုန်ထိုးတက်

ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမဏီက စတော့စျေးကွက်

ယူရိုဇုံထဲက ကြွေးမြီ ပြဿနာ ဖြေရှင်းဖို့ အရေးယူ ဆောင်ရွက်မှုသစ် တွေကြောင့် မျှော်လင့် ချက်တွေ ဖြစ်ပေါ်လာပြီး ဥရောပနဲ့အ မေရိကန် တလွှားက စတော့စျေးကွက်မှာ အစု ရှယ်ယာ စျေးတွေ တက်သွားခဲ့ပါတယ်။

ပါရီမှာ အစုရှယ်ယာစျေးတွေ ငါးရာခိုင်နှုန်း ကျော်နဲ့ ဘာလင်မှာ လေးရာခိုင်နှုန်းကျော် တက်ကာ နယူးယောက်မြို့ စျေးပိတ်ချိန်မှာတော့ နှစ်ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

တချိန်တည်းမှာ ဥရောပ ခေါင်းဆောင်တွေဟာ သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ပြီးတဲ့နောက် ပိုမို အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ ဂတိပြုခဲ့ ကြပါတယ်။

ယူရိုဇုန်ထဲ ပါဝင်တဲ့ နိုင်ငံတွေ အတွက် ပိုမို တင်းကျပ်တဲ့ ဘတ်ဂျတ် စည်းမျဉ်းစည်းကမ်း တွေချရမယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ ဂျိုဆေ မန်နူရယ် ဘာရိုဆိုက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ယူရိုဇုန်ရဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး လျော့ပါးသွား စေအောင် အကူအညီပေးဖို့ အသင့်ပါဘဲလို့ ဆိုခဲ့ပေမယ့် ဒီပြောကြားချက်က ဘဏ္ဍာရေး အရ ကူညီမယ် ဆိုတဲ့ သဘောမဟုတ်ပါဘူးလို့ အမေရိကန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။