အမေရိကန်တို့ တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပိုအသိအမှတ်ပြုစေချင်

ဓာတ်ပုံ မူပိုင် Reuters

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ နေအိမ်မှာ လာရောက်တွေ့ဆုံမှာဖြစ်ပြီး ဒီနောက်မှာ တိုင်းရင်းသား လုမျိုးစုကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ပတ်သက်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့ရဲ့ သဘောထားကို မေးကြည့်ရာမှာ ရှမ်းတိုင်းရင်သားများဒီမိုကရက်တစ်ပါတီက အမေရိကန်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊အန်အဲဒီအပါအဝင် ပြည်မက ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်သား ဒီမိုကရေစီပါတီတွေကို အရင်ကထက် ပို အသိအမှတ်ပြုဖို့ တိုင်ရင်းသားပါတီတွေကို နွေးနွေးထွေးထွေး ဆက်ဆံစေချင်တယ်လို့ ပြောခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဦးလှစောက ပြည်တွင်းစစ်ကိစ္စနဲ့ တိုင်ရင်းသားအရေးကို ပို အလေးထားဖို့လိုတယ်လို့ ဆိုပါတယ်။

အဲဒီပါတီ ၂ ခုစလုံးက အမေရိကန်တို့အနေနဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကိုရုတ်သိမ်းပြီး တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးရေးကို အကူအညီပေးစေချင်တယ်လို့ ပြောကြပါတယ်။

သူတို့ရဲ့ အမြင်တွေကို နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။