အတိုက်အခံ Free Syrian Army အဖွဲ့နဲ့ ပူးပေါင်းပြီ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption UN လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီး နာဗီ ပီလေး

ဆီးရီးယား နိုင်ငံက အဓိက အတိုက်အခံ အဖွဲ့ဟာ သမ္မတ အာဆက်ဒ် အစိုးရ ဆန့်ကျင်ရေး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြဖို့ Free Syrian Army လို့ ခေါ်တဲ့ လက်နက်ကိုင် တိုက်ပွဲဝင်သူတွေနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။

အဲဒီ Syrian National Council ဆီးရီးယား အမျိုးသား ကောင်စီ အဖွဲ့က လက်နက်ကိုင်စွဲမှုကို အရပ်သားတွေ ကာကွယ်ဖို့ အတွက်သာ အသုံးချမယ်လို့ ဂတိပြုခဲ့ ကြပါတယ်။

အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ ဘက်ပြောင်းလာတဲ့ စစ်သား အရေအတွက် တိုးပွားလာ နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ထိပ်တန်း အရာရှိ Navi Pillay နာဗီ ပီလေးက ပြောပါတယ်။

ဆီးရီးယား နိုင်ငံဟာ ပြည်တွင်းစစ် အခြေအနေကို ဆိုက်ရောက် နေပြီး ဒီအတောအတွင်း သေဆုံးသူ လေးထောင်ကျော် သွားပြီလို့လည်း ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က ဆီးရီးယားကို စီးပွားရေး အရ ပိုမို အရေးယူ ပိတ်ဆို့ ခဲ့ကြပြီး သမ္မတ အာဆက်ဒ် ရာထူးက ဆင်းပေးဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။