ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး သဘောတူညီမှုရ

ဓာတ်ပုံ မူပိုင် AFP
Image caption အချိန်ယူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို သဘောတူညီမှု ရရှိခဲ့တာပါ

ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တားဆီးရေး ညီလာခံမှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေဟာ ကမ္ဘာပေါ်မှာ ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ အများ ဆုံး ထုတ်လွှတ်နေတဲ့ နိုင်ငံတွေကနေ ကမ္ဘာကြီး ပူနွေးလာတာကို ကူညီတားဆီး ရေး အတွက် သဘောတူညီချက် ရရှိခဲ့ပါ တယ်။

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ ကျင်းပနေ တဲ့ ဒီညီလာခံမှာ အချိန်ယူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့ နောက် အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ကျိုဒို သဘောတူညီချက်မှာ ပါဝင်တဲ့ နိုင်ငံတွေ အနေနဲ့ ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေးကို နောက်ထပ် ၅ နှစ် ထပ်တိုးလုပ်ဆောင်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် လေထုညစ်ညမ်းမှု အများဆုံး ဖြစ်နေတဲ့ နိုင်ငံတွေအားလုံးဟာ ၂၀၂၀ ခုနှစ် လောက် မှာ စတင် သက်ရောက်မှု ရှိမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် အတွက် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းရေး အဖွဲ့ဖြစ်တဲ့ greenpeace အဖွဲ့ကတော့ အခု သဘောတူညီချက်တွေဟာ မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ သဘောတူညီချက်မျိုး မဟုတ်ဘူးဆိုပြီး ဝေဖန်လိုက်ပါတယ်။