မဲခေါင်မြစ်ဝှမ်း မျိုးစိတ်တွေ ထိန်းသိမ်းဖို့လို

mekong_river
Image caption မဲခေါင်မြစ်ဝှမ်း က မျိုးစိတ်သစ် တမျိုး

သိပ္ပံ ပညာ ရှင်တွေဟာ မဲခေါင် မြစ်ဝှမ်း ဒေသကြီး အတွင်းမှာ မျိုးစိတ်သစ် တွေ ၂ ရက် တခါ နီးပါးလောက် တွေ့နေရတယ်လို့ သဘာဝ သားရိုင်း တိရစ္ဆာန် စောင့်ရှောက် ရေး အဖွဲ့ကြီး ကပြောကြောင်း အေဖက်ပီ သတင်း ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ အဖွဲ့ကြီးက ထုတ်ပြန် တဲ့ ၂၀၁၀ ခုနှစ် အတွင်းက တွေ့ရှိ ခဲ့တဲ့ မျိုးစိတ်သစ် တွေနဲ့ ပတ်သက် တဲ့ အသေးစိတ် စာရင်း ထဲ မှာ ဒီမျိုးစိတ်သစ် တွေဟာ အရှေ့တောင် အာရှ ဒေသ အတွင်း မှာပဲ လူသား တွေရဲ့ အန္တရာယ် တွေကြောင့် မျိုးတုန်း သွားမယ့် အခြေအနေတွေ နဲ့လဲ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နဲ့ တရုပ်နိုင်ငံ အနောက်တောင်ပိုင်း ကယူနန် ပြည်နယ် တို့ ပါဝင် တဲ့ဒီ မဲခေါင် မြစ်ဝှမ်း ဒေသကြီးမှာ ပြီးခဲ့တဲ့ နှစ် အတွင်းက သားရိုင်း တိရစ္ဆာန် မျိုးစိတ် သစ်ပေါင်း ၂၀၀ ကျော် လောက်ကို တွေ့ရှိ မှတ်တမ်း တင်နိုင် ခဲ့ကြပါတယ်။

ကချင်ပြည်နယ် အတွင်းမှာ တွေ့ရတဲ့ နှာခေါင်းတို မျောက်မျိုးဆိုရင် ဒေသခံတွေ အနေနဲ့ သိနေခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာက သိအောင် မှတ်တမ်း တင်ထား တာမျိုး မရှိခဲ့ သလို ဗီယက်နမ် နိုင်ငံ မှာလဲ အထီးမလိုဘဲ မျိုးပွား နိုင်တဲ့ ပေါက်သင်ညို အမ တမျိုး ကိုလဲ သိပ္ပံ ပညာရှင် တဦးက စားသောက်ဆိုင် တခုရဲ့ စားဖွယ် စာရင်း ထဲမှာ အမှတ်မထင် စပြီး တွေ့ခဲ့ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မဲခေါင်မြစ်ဝှမ်း ရဲ့ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့က ပြောခွင့်ရသူ ဆာရာ ဘလေဒင် ကတော့ ဒီ ဒေသတွင်း နိုင်ငံ တွေမှာ ဒီလို သဘာဝ သားရိုင်း တိရစ္ဆာန် တွေ ပေါကြွယ်ဝ မှုကို တန်ဘိုး မထားတတ် ကြရင် အဲဒီ မျိုးစိတ် တွေဟာ အတော်မြန်မြန် နဲ့ကို ပြောက်ကွယ် မျိုးတုန်း သွား နိုင်တယ်လို့ ဆိုလိုက်ပါတယ်။