တရုတ်နိုင်ငံမှာ လယ်ယာမြေကိစ္စအတွက် ဆန္ဒပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption ထောင်နဲ့ချီတဲ့ ရွာသားတွေဟာ နဖူးစည်း စာတမ်းတွေ ကိုင်ပြီး ဆန္ဒပြနေတာဖြစ်

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒွန်းပြည်နယ် က ဝူကန်ရွာမှာ လယ်ယာမြေ ပိုင်ဆိုင်မှု အခွင့် အရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေ ပိုမို ပြင်းထန်လာ နေတာကြောင့် အာဏာပိုင်တွေက ရွာအဝင်လမ်းတွေကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဝူကန် ရွာသားတဦးဟာ ရဲစခန်းအချုပ်ထဲမှာ သေဆုံးသွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေဟာ အခုလို ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

ရွာထဲကိုလည်း အစားအသောက်တွေလည်း ပေးမသွင်းဘူးလို့ ဝူကန် ဒေသခံတွေက ပြောပါ တယ်။

အင်တာနက်ပေါ်မှာ တင်ထားတဲ့ ပုံတွေထဲမှာတော့ ထောင်နဲ့ချီတဲ့ ရွာသားတွေဟာ နဖူးစည်း စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေတာကို တွေ့ရပါတယ်။

ဒေသခံအရာရှိတွေက လယ်ယာမြေတွေကို အဓမ္မသိမ်းယူနေတယ်လို့ ရွားသားတွေက စွပ်စွဲ ပြီး၊ ဗဟိုအစိုးရအနေနဲ့ အခုကိစ္စမှာ ကြားဝင် ဆောင်ရွက်ပေးဖို့ကို ရွားသားတွေက လိုလား နေကြပါတယ်။

နောက်ပြီး အခုသေသွားတဲ့လူကို ရဲတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ အရာရှိတွေကတော့ ဒီရွာသားဟာ နှလုံးရောဂါ ခံစားနေသူ ဖြစ်တယ်လို့ ဆိုပါ တယ်။