အမေရိကန်မှာ ဆင်းရဲသူ အရေအတွက် စံချိန်တင် ထိုးတက်

ဓာတ်ပုံ မူပိုင် m
Image caption အမေရိကန်မှာ ဆင်းရဲသူ စံချိန်တင် ထိုးတက်

အမေရိကန် ပြည်ထောင်စုမှာ စားဝတ်နေရေး အတွက် ရုန်းကန် ကြိုးစားနေရသူ အရေအတွက် တိုးလာနေတယ်လို့ အသစ်ထွက်လာတဲ့ ဆင်းရဲမွဲတေမှု ဆိုင်ရာ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိမ်ယာမဲ့ ဖြစ်လာကြတာဟာ ကြီးထွားလာတဲ့ ပြဿနာ တခု ဖြစ်ပြီး မြို့လေးမြို့ကလွဲရင် ကျန်တဲ့ မြို့ကြီးတွေမှာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတောင်းခံမှုတွေ တိုးလာနေတယ်လို့

အမေရိကန် တလွှားက မြို့ပေါင်း ၂၉မြို့ကို ကိုယ်စားပြုတဲ့ မြို့တော်ဝန်များ ညီလာခံမှာ ပြောကြားခဲ့ကြပါတယ်။

အစိုးရ ရဲ့ စာရင်းအင်း ကိန်းဂဏန်းတွေ အရ ၂ဝ၁ဝ ခုနှစ် အတွင်း အမေရိကန်မှာ ဆင်းရဲသား အရေအတွက်ဟာ ၄၉သန်း အထိ စံချိန်ချိုး ထိုးတက်သွားခဲ့ပြီး ဒါဟာ အဲဒီအရင် တနှစ်ကထက် ၁ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။