တရုတ်ဆန္ဒပြသူတွေကို အာဏာပိုင်တွေလိုက်လျော

ဓာတ်ပုံ မူပိုင် Reuters
Image caption မြေယာသိမ်းခံရတဲ့ ကိစ္စ၊ အာဏာပိုင်တွေနဲ့ ညှိနှိုင်းရာမှာ အဆင်ပြေသွားခဲ့ပါတယ်

အာဏာပိုင်တွေကို ဆန့်ကျင်နေကြတဲ့ တရုတ်နိုင်ငံတောင်ပိုင်း ဝူကန်ရွာက ရွာသားတွေဟာ အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြပြီးနောက်၊ အစိုးရ အဆောက်အဦးတခုဆီကို ချီတက်ဆန္ဒပြ မယ့် သူတို့ရဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက် ပါတယ်။

မြေယာသိမ်းဆည်းခံရတဲ့ အငြင်းပွားမှုတခုမှာ ဝူကန်ရွာသားတွေက ရဲတွေကို မောင်းထုတ်ခဲ့ ပြီးနောက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းရာမှာ အဆင်ပြေသွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အခု ဂွမ်ဒေါင်းပြည်နယ်က တခြား ရွာတရွာမှာလည်း လူထုဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရာ၊ အာဏာပိုင်တွေက ရွာသားတွေရဲ့ ဆန္ဒကို လိုက်လျောခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ဟိုင်းမန်းမှာ ဒုတိယမြောက် ဓာတ်အားပေးစက်ရုံတခု တည်ဆောက် မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ဖို့ သဘောတူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေက ပြောတာကတော့ ပထမစက်ရုံကနေ အဆိပ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာတွေ ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။