ရုရှ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ဆန္ဒပြကြ

russia ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရွေးကောက်ပွဲတွေ ပြန်လုပ်ပေးဖို့ အစိုးရ ဝန် ကြီးဟောင်း တောင်းဆို

ရုရှ နိုင်ငံမှာ ခုလ အစောပိုင်းကကျင်း ပခဲ့တဲ့ လွှတ်တော် ရွေးကောက် ပွဲတွေရဲ့ တရားဝင် ရလာဒ်တွေကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ နိုင်ငံ တဝှမ်းမှာ ဒီကနေ့ ထပ် ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြပွဲ စီစဉ်သူတွေက ရွေးကောက်ပွဲမှာ မသ မာမှုတွေ နေရာအနှံ့ ရှိတယ်လို့ စွပ်စွဲပြီး ရွေး ကောက်ပွဲတွေ ပြန်လုပ်ဖို့ တောင်းဆိုနေပါ တယ်။

ဆန္ဒပြမယ့် လူတွေရော၊ လာကြည့်တဲ့ လူတွေပါ မော်စကို မြို့လယ်မှာ လာစုကြပြီး တနိုင် ငံလုံးမှာ အကြီးဆုံး စီတန်း လှည့်လှည်ပွဲကြီး ဖြစ်လာဖွယ် ရှိပါတယ်။

ရုရှ အရှေ့ဖျား ဒေသက ဗလာဒီ ဗော့စတော့မှာ ဆန္ဒ ပြသူတွေက ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်ကို ခုံရုံးတင်ဖို့ တောင်းဆိုထားတဲ့ ပိုစတာတွေကို ကိုင်ဆောင် ချီတက် ဆန္ဒပြခဲ့ကြပါ တယ်။

ခုနောက်ဆုံး ရုရှ ဘဏ္ဍာရေး ဝန်ကြီးဟောင်းက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေဟာ မှား ယွင်းနေတာမို့ ရွေးကောက်ပွဲ ဥပဒေသစ်တွေနဲ့ ရွေးကောက်ပွဲကို ထပ်လုပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ခုလ အစောပိုင်းက ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ပူတင်ရဲ့ ပါတီ အနိုင် ရခဲ့ပါတယ်။