ဂျပန် လက်နက် မတင်ပို့ရေး မူကို ပြင်မယ်

Japan ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန်နိုင်ငံဟာ ပြည်ပကို လက်နက် မတင်ပို့ဖို့ အတွက် သူ့တနိုင်ငံထဲ ဆုံးဖြတ် ထားခဲ့

ဂျပန် အစိုးရ က ပြည်ပကို လက်နက် တင်ပို့ ရောင်းချမှု တဖက်သတ် ရပ်ဆိုင်း ထားတာ ကို လျှော့ပေါ့ ပြင်ဆင်ဖို့ စဉ်းစား နေတယ် လို့ ဆိုပါတယ်။

ဒီလို လျှော့ပေါ့ လိုက်မယ် ဆိုရင် ဂျပန်ဟာ အခြား နိုင်ငံ တွေနဲ့ လက်နက် တီထွင် ထုတ်လုပ်ရေး လုပ်ငန်း တွေမှာ ပူးပေါင်း ဆောင်ရွက် နိုင်မှာ ဖြစ်ပြီး လူသားချင်း စာနာ ဆောင်ရွက်တဲ့ လုပ်ငန်း တွေမှာလည်း စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ ပေးနိုင် လိမ့်မယ်လို့ အစိုးရ ဝန်ကြီး အဖွဲ့ အတွင်း ဝန်ချုပ် Osamu Fujimura က ပြော ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ပဋိပက္ခ တွေကို မီးလောင်ရာ လေပင့် သလို မဖြစ် စေဖို့ အတွက် လက်နက် တင်ပို့ ရောင်းချ မှုကိုတော့ အနီးကပ် စောင့်ကြည့် သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လတ်တလောမှာ ဂျပန်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စု က လွဲရင် တခြား နိုင်ငံ အားလုံးကို လက်နက် တင်ပို့ ရောင်းချမှု မလုပ်ဖို့ တဖက်သတ် ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။