ဆီးရီးယား လေ့လာအကဲဖြတ်ရေး ကော်မရှင်

homs dec 2011 ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဟုမ်းမြို့မှာ တိုက်ခိုက်မှု တွေ ပြင်းထန် ခဲ့တဲ့ ဒီဇင်ဘာ လ အစောပိုင်း က အချိန် မှာ တွေ့ရပုံ

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ထဲမှာ ပါဝင်ခဲ့ပြီး ထိန်းသိမ်းခံထားရတဲ့ လူပေါင်း ၇၅၀ ကျော် ကို ပြန်လွှတ် ပေးဖို့ ဆီးရီးယား အစိုးရ က ဆုံးဖြတ် လိုက်ပြီ လို့ ဆီးရီးယား ရုပ်မြင်သံကြား က ဗုဒ္ဓဟူး နေ့ က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် တချို့လူတွေ ကို တော့ပြန်လွှတ်မပေးဘူး လို ဆိုပါတယ်၊ အဲဒီ လူတွေ ကတော့ သူတို့ ထုတ်လွှင့်တဲ့ အတိုင်း ပြောရမယ် ဆိုရင် သူတို့လက်မှာ ဆီးရီးယား သွေး တွေ စွန်းထင်း နေတဲ့ လူတွေ လို့ ဆိုပြီး သူတို့ကို ပြန်လွှတ် မပေးဘူး လို့ ပြောသွား ပါတယ်။

အာရပ် အဖွဲ့ချုပ် က လေ့လာစောင့်ကြည့်ရေး ကော်မရှင် တွေ ဆီးရီးယား ကိုရောက်လာပြီး ၂ ရက် မြောက်နေ့ မှာ အခုလို ကြေညာချက် ထွက်လာတာပါ။

အစောပိုင်းတုန်း က အာရပ်အဖွဲ့ချုပ် က လာ ခဲ့တဲ့ စောင့်ကြည့်ရေး ကော်မရှင် အကြီးအကဲ ဗိုလ်ချုပ်ကြီး မူစတာဖာ အယ်ဒါဘီ က ဟုမ်းမြို့ က အခြေအနေတွေ ကို သိတ် မစိုးရိမ် ကြဖို့ သဘောမျိုး ပြောခဲ့ပါတယ်၊ အင်္ဂါနေ့ က သူတို့ ရောက်သွား စဉ်မှာ ငြိမ်သက်နေ ပြီး တိုက်ခိုက်မှု တွေ မရှိဘူးလို့ သူ ကပြောပါတယ်။

အဲဒီနေ့ ကပဲ လုံခြုံရေးတပ်ဖွဲ့ တွေ က သောင်းနဲ့ချီတဲ့ ဆန္ဒပြ လူအုပ်ကို မျက်ရည်ယိုဗုံးတွေနဲ့ ပတ်ခတ် ဖြိုခွဲ့ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။