အာရပ် အဖွဲ့ချုပ်က လွှတ်ထားတဲ့ စစ်ဆေးရေးမှူးတွေ ရုတ်သိမ်းဖို့ အကြံပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption Arab League စစ်ဆေးရေးမှူးတွေ ပြန်ရုတ်ဖို့ အကြံပေး

ဆီးရီးယားမှာ အာရပ် အဖွဲ့ချုပ်က လွှတ်ထားတဲ့ စစ်ဆေးရေးမှူးတွေရဲ့ လေ့လာ စုံစမ်းရေး ခရီးစဉ် အတွင်း အစိုးရက လူထုအပေါ် ဆက်လက် ဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ရုတ်သိမ်းပေးဖို့ အဖွဲ့ချုပ်ရဲ့ အကြံပေး အဖွဲ့တခုက ပန်ကြား လိုက်ပါတယ်။

စစ်ဆေးရေးမှူးတွေ ဆီးရီးယားမှာ ဆက်ရှိနေတာဟာ သူတို့ အဆိုအရ အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ဆက်လုပ်ခွင့် ပေးထားသလို ဖြစ်နေတယ်လို့ အာရပ် ပါလီမန် ဥက္ကဌက ပြောပါတယ်။

အာရပ် အဖွဲ့ချုပ်က စစ်ဆေးရေးမှူး အဖွဲ့တွေ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဆီးရီးယားကို ရောက်လာခဲ့ပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ် အတွင်းမှာကိုဘဲ အဓိကရုန်းတွေ ဆက်လက် ထပ်မံ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။