ရေနံထွက်တဲ့ နိုင်ဂျီးရီးယား အစိုးရထောက်ပံ့မှု ဖြတ်တောက်

ဓာတ်ပုံ မူပိုင် bbc
Image caption နိုင်ဂျီးယား မြေပုံ

နိုင်ဂျီးရီးယား နိုင်ငံမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အစိုးရက လောင်စာဆီစျေး သက်သာအောင် ထောက်ပံ့ပေးနေတဲ့ အစီအစဉ်ကို ရုတ်သိမ်းတော့မယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ ပါတယ်။

တိုင်းပြည်မှာ လောင်စာဆီ စျေး သက်သာစေဖို့ အစိုးရက ထောက်ပံ့ပေးနေရတဲ့ အတွက် နှစ်စဉ် ဒေါ်လာ သန်းရှစ်ထောင်လောက် ကုန်ကျခဲ့ပြီး အခုလို ဖျက်သိမ်းလိုက်ရင် လောင်စာဆီ စျေးသိသိသာသာ မြင့်တက်လာတော့မှာ ဖြစ်ပါတယ်။

ဒီလို ဖျက်သိမ်းတဲ့ အစီအစဉ်ကို နိုင်ဂျီးရီးယား သမဂ္ဂတွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ပြီး ရေနံထွက်တဲ့ တိုင်းပြည် အနေနဲ့ အခုလို လောင်စာဆီစျေး သက်သာအောင် ထောက်ပံ့ပေးမှု ကသာလျှင် လူထုကို အကျိုးအမြတ် ရစေတယ်လို့ အများအပြားက တွက်ဆ ကြတာ ဖြစ်ပါတယ်။