ဒီမိုကရေစီကို အန္တရာယ်ပြုနိုင်တဲ့ ဖွဲ့စည်းပုံသစ် ဟန်ဂေရီ လက်မခံ

Image caption ဟန်ဂေရီ ပါလီမန်

ဟန်ဂေရီ နိုင်ငံ ဘူဒါပတ်စ် မြို့မှာ ထောင်သောင်းချီတဲ့ လူတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး ဒီဖွဲ့စည်းပုံ အသစ်က ဒီမိုကရေစီကို အန္တရာယ်ပြုနိုင်တယ်လို့ သူတို့က ပြောပါတယ်။

ဗဟို လက်ယာယိမ်း အစိုးရက ပြဌာန်းတဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက တရားရုံးနဲ့ ဗဟိုဘဏ်တွေ အပါအဝင် လူထု ကိုယ်စားပြု အဖွဲ့တွေရဲ့ လွတ်လပ်မှုတွေကို လျှော့ချ ဖြတ်တောက် ထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲဒီ ဖွဲ့စည်းပုံ အသစ်ကို ဥရောပ သမဂ္ဂနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ကလည်း ဝေဖန်ခဲ့ပါတယ်။