အစ္စရေးနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တို့ ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် AP
Image caption ပါလက်စတိုင်း သမ္မတနဲ့ PLO အမှုဆောင်တွေ ဒီဇင်ဘာ ၃၁ ရက်နေ့ကတွေ့ဆုံခဲ့

အစ္စရေးနဲ့ ပါလက်စတိုင်း တို့ရဲ့ ညှိနှိုင်းရေး ကိုယ်စားလှယ်တွေဟာ ၁ နှစ်ကျော် အချိန် အတွင်း ပထမဦးဆုံး အကြိမ် ပြန်လည် တွေ့ဆုံ ဆွေးနွေးမှုတွေ စတင် တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကိုယ်စားလှယ်တွေက ငြိမ်းချမ်း ရေး ဆွေးနွေးမှုတွေ ချက်ခြင်း ပြန်စနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ ဖေါ်ပြပြောဆိုခြင်း မရှိပါ။

သူတို့ဟာ ဂျော်ဒန်နိုင်ငံမှာ ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အစည်းအဝေးကို ကုလသမဂ္ဂ၊ အမေရိကန်၊ ရုရှားနဲ့ ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေပါ တက်ရောက် ကြမှာ ဖြစ်ပါ တယ်။

အရှေ့အလယ်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း အရှိန်အဟုန်နဲ့ ပြောင်းလဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပါလက်စတိုင်းနဲ့ အစ္စရေးတို့ အနေနဲ့လည်း ရှေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေး အတွက် ကြိုးစား အဖြေရှာဖို့ ဖိအားပေးမှုတွေ ခံနေကြရတာ ဖြစ်ပါ တယ်။

၂၀၁၀ ခုနှစ်ကုန်လောက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေကတော့ အစ္စရေးတို့ဘက်က ဂျော်ဒန် အနောက်ဘက်ကမ်းမှာ ဂျူးအခြေချ အိမ်ယာတွေ ပြန်ဆောက်တဲ့အတွက် ပျက်ပြား သွားခဲ့ရ ပါတယ်။