လစ်ဗျားမှာ ပြည်သူ့စစ် တပ်ဖွဲ့ချင်း တိုက်ခိုက်လို့ ၄ယောက်သေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်လည် တည်ဆောက်ရေး လုပ်နေတဲ့ လစ်ဗျား

လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်မှာ အရံ လက်နက်ကိုင် တပ်ဖွဲ့ ပြိုင်ဖက် အုပ်စုတွေကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ထရစ်ပိုလီမြို့က လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့နဲ့ မစ်စရာတာ မြို့က တပ်ဖွဲ့တို့ အကြမ်း တိုက်ခိုက်မှု အတွင်း လူလေးယောက် သေဆုံးခဲ့ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ ထောက်လှမ်းရေး အဖွဲ့ပိုင် အဆောက်အဦထဲမှာ ထားတဲ့ အကျဉ်းသားတွေကို မစ်စရာတာက တပ်ဖွဲ့က လွှတ်ပေးဖို့ ကြိုးစားခဲ့တဲ့ အတွက် အခုလို တိုက်ခိုက်မှု ဖြစ်ပွားတာလို့ ထရစ်ပိုလီက ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

ပြည်တွင်းစစ် လက်ကျန် အဓိက ပြဿနာကတော့ အရင် ကဒါဖီ တော်လှန်ရေးတုန်းက ထောင်သောင်းချီတဲ့ လက်နက်ကိုင် တိုက်ခိုက်ရေး သမားတွေကို ဘယ်လို ပေါင်းစည်း နေရာချထားရမလဲ မသိ ဖြစ်နေတာဘဲလို့ ထရစ်ပိုလီမြို့က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။