Luis Suarez အပေါ် အရေးယူမှု အယူခံ မဝင်ဖို့ ဆုံးဖြတ်

Image caption Luis Suarez ရှစ်ပွဲ ပိတ်ခံရတာကို အယူခံ မဝင်တော့

လစ်ဗာပူး အသင်းက ဘောလုံးသမား Luis Suarez ကို လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်း တွေ သုံးစွဲမှုနဲ့ ကစားပွဲ ရှစ်ပွဲ ပိတ်ထားတဲ့ အပေါ် လစ်ဗာပူး အသင်းက အယူခံ မဝင်တော့ ဘူးလို့ အင်္ဂလိပ် ဘောလုံး အဖွဲ့က ပြောပါတယ်။

ဆွာရက် အပေါ် ကစားပွဲ ပိတ်ထားတဲ့ အရေးယူမှုကို ချက်ခြင်း ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ကစားပွဲ အတင်း မန်ချက်စတာ အသင်း ခံစစ်သမား ဆီနီဂေါနိုင်ငံမှာ မွေးဖွားသူ Patrice Evra ကို negro ၊ negrito လို့ ဥရုဂွေး နိုင်ငံသား တိုက်စစ်မှူးက ထပ်တလဲလဲ ခေါ်ခဲ့တာကြောင့် ဒေါ်လာ ခြောက်သောင်း နှစ်ထောင် ဒဏ်ကြေးချခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အစောပိုင်း တုန်းကတော့ လစ်ဗာပူး အသင်းက သူတို့ ကစားသမားဖက်က ကာကွယ်ခဲ့ ပြီး အယူခံဝင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။