အမေရိကန် က အီရန်ကို ထပ်သတိပေး

panetta
Image caption ကာကွယ်ရေး ဝန်ကြီး လီယွန် ပန်နက်တာ

အမေရိကန်ကာကွယ်ရေးဝန်ကြီးလီယွန် ပန်နက်တာ က ပင်လယ်ကွေ့ ဒေသရဲ့ အဓိကရေနံတင်ပို့တဲ့လမ်းကြောင်းဖြစ်တဲ့ ဟိုမုဇ်ရေလက်ကြားကို ပိတ်ဆို့ ဖို့ မကြိုး စားဖို့ အတွက် အီရန်ကို ထပ်မံပြီး သတိ ပေးလိုက် ပါတယ်။

အမေရိကန် ရုပ်မြင်သံကြား လိုင်းတခု နဲ့ လုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်း မှာ သူက ဒီလို ဖြစ်လာရင် ဝါရှင်တန် အနေနဲ့ သည်းခံ သွားမှာ မဟုတ်ဘူး လို့ လဲပြောသွား ပါတယ်။

အီရန်က သူ့ရဲ့ နျူကလီယား အစီအစဉ် တွေကြောင့် သူ့ရဲ့ ရေနံ တင်ပို့မှုတွေ ကို ပိတ်ဆို့ အရေးယူ တာတွေ လုပ်လာခဲ့ရင် သူကလဲ ဒီရေလက်ကြားကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။

အမေရိကန် စစ်ဘက် ထိတ်တန်း အရာရှိ ကြီး တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မာတင် ဒမ်ဆီ က အီရန်အနေနဲ့ သူခြိမ်းခြောက်သလို လုပ်နိုင်တဲ့အခြေအနေမှာ ရှိနေတာကို သိတဲ့အကြောင်းနဲ့ အမေရိကန် ဘက်ကလဲ ဒီလို လုပ်လာရင် ဘယ်လို တုန့်ပြန် ရမလဲ ဆိုတာကို နားလည်တဲ့ အကြောင်း တွေကို ပြောသွားပါတယ်။