ပြင်သစ်ရဲ့ Credit Rating အဆင့်လျှော့ သတ်မှတ်ခံရပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption Standard and Poor ပြင်သစ်ကို အဆင့်လျှော့ လိုက်ပြီ

အမေရိကန် အခြေစိုက် နိုင်ငံတကာ အကြွေးယူနိုင်ခွင့် စံနှုန်း သတ်မှတ်တဲ့ Standard and Poor's အေဂျင်စီ က ပြင်သစ်ကို AAA အဆင့်ကနေ AA+ အဆင့်ကို လျော့ချ သတ်မှတ် လိုက်ပါတယ်။

သူတို့နိုင်ငံရဲ့ ပေါ်လစီတွေ အပေါ် အကြွေးယူ နိုင်ခွင့် သတ်မှတ်တဲ့ အေဂျင်စီတွေက သြဇာ လွှမ်းမိုးခွင့် ပေးမှာ မဟုတ်ဘူးလို့ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ဖရန်ကို ဘာရိန်း ပြောပါတယ်။

Standard and Poor's ရဲ့ အဆင့်လျှော့ချ သတ်မှတ်မှုကြောင့် ပြင်သစ် နိုင်ငံ အနေနဲ့ ငွေချေးတဲ့ အခါ အတိုးနှုန်းတွေ ပိုပေး ရနိုင်တယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

Standard and Poor's ကုမ္ပဏီက အီတလီ၊ စပိန်နဲ့ သြစတြီးယား အပါအဝင် အခြားနိုင်ငံ ၈ ခုရဲ့ ငွေပြန်ဆပ်နိုင်တဲ့ အဆင့်အတန်း ကိုလည်း လျှော့ချ သတ်မှတ်ခဲ့ ပါတယ်။

ဒါပေမယ့် ဂျာမနီနိုင်ငံ ကတော့ အေသုံးလုံး အဆင့်မှာ ဆက်ရှိနေတယ်လို့ အဲဒီ အေဂျင်စီက ပြောပါတယ်။