IMF ဒေါ်လာ တစ် ထွီလီယံ ထပ်ပြီးလို

ဓာတ်ပုံ မူပိုင် Getty
Image caption နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ရုံးရှေ့က ဆိုင်းဘုတ်

နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က ဘဏ္ဍာရေး အကြပ်အတည်း ကျနေတဲ့ နိုင်ငံသစ် တွေကို အကူအညီ ပေးနိုင်ဖို့ နောက်ထပ် ဒေါ်လာ ဘီလီယံ ငါးရာ လိုနေတယ်လို့ ပြောပါတယ်။

အဲဒီ အထဲမှာ ဥရောပ တိုင်းပြည်တွေ ချေးပေးမယ်လို့ ကတိပြုထားတဲ့ ဒေါ်လာ ဘီလီယံ နှစ်ရာ ပါပြီးသားလို့ ဆိုပါတယ်။

လာမယ့် နှစ်တွေ အတွင်း ငွေကြေး အကြပ်အတည်း ဖြစ်နေတဲ့ နိုင်ငံတွေကို ကူညီဖို့ စုစုပေါင်း ဒေါ်လာ တစ် ထွီလီယံလောက် လိုမယ်လို့ အိုင်အမ်အက်ဖ် ဝန်ထမ်းတွေက ယူဆ နေကြပါတယ်။

သူတို့ စိုးရိမ်နေတာက ကြွေးမြီ ပြဿနာ တက်နေတဲ့ ယူရိုဇုန် ပြိုကွဲသွားမှာကို ပူပန် နေကြတာ ဖြစ်ပါတယ်။