အီတလီ သင်္ဘော ကနေ ထပ်မံကယ်ဆယ်နိုင်

Image caption ပြဿနာပေါ်ပြီး ၃၆ နာရီ အကြာ မှာ အသက်ရှင် နေသူ တဦး ကိုထပ်မံ ကယ်တင်နိုင်

ပင်လယ်ထဲမှာ သင်္ဘော တခြမ်းစောင်းပြီး တဝက်လောက် ရေထဲနစ် နေတဲ့ အီတလီ ဇိမ်ခံ ပင်လယ်ကူး သင်္ဘောကြီး ကောစတာ ကွန်ကောဒီယာ က နေ သင်္ဘော ထိပ်တန်း အရာရှိ တဦး ကို ကယ်ဆယ်နိုင်ပြီး သူ့ ကို ဟယ်လီကော့ပတာ နဲ့ ဆေးရုံ ကို ခေါ်ဆောင်သွား ပါတယ်။

သူဟာ ခြေထောက်မှာ ဒဏ်ရာရ ထားပါတယ်။

အီတလီ အနောက်ဖက် ကမ်းခြေ ဘက် ဂစ်ဂလီယို ကျွန်းနားမှာ သင်္ဘောတိမ်းစောင်း နစ် တာဖြစ်ပြီးတဲ့နောက် ၃၆ နာရီ လောက်အကြာမှာ မှာ သူ့ ကိုအခု လို ကယ်တင် နိုင်ခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်နေကြတဲ့ အီတလီ ကမ်းခြေစောင့်တပ် က ကော့စီမို နီကက်စတရို ကလည်း ကယ်ဆယ်ရေးတွေ ဆက်လုပ် နေကြောင်း နဲ့ နေ့ရော ညရော အသက်ရှင် ကျန်ရစ်သူ တွေကို ကယ်ဆယ်ဖို့ ကြိုးစား နေကြောင်း ပြောပါတယ်။

ကယ်ဆယ်ရေး အတွက် ကမ်းခြေစောင့် သင်္ဘောတွေ လည်း အများအပြား ရှိနေကြောင်း သူ က ပြောပါတယ်။

ဟန်းနီးမွန်း ခရီး ထွက်လာတဲ့ တောင်ကိုရီးယား စုံတွဲ တတွဲ လည်း သင်္ဘောတွင်းမှာ ပိတ်မိနေခဲ့ပြီး စနေနေ့ည မှာ ကယ်ဆယ်ရေး အဖွဲ့ တွေ က ကယ်ဆယ် နိုင်ခဲ့ ပါတယ်။

ဒီစုံတွဲ ဟာ သူတို့ရဲ့ အခန်း တွင်းမှာ ပိတ်မိ နေပြီး ကယ်ဆယ်ရေး အဖွဲ့ က ခက်ခက်ခဲခဲ ကယ်တင် နိုင်ခဲ့ ကြပါတယ်။