တူနီးရှား တော်လှန်မှု နှစ်ပတ်လည် ခဲ့ပြီ

tunisia_celebration ဓာတ်ပုံ မူပိုင် Reuters
Image caption ပျော်ရွှင် နေကြတဲ့ တူနီးရှား ပြည်သူများ

တူနီးရှား နိုင်ငံမှာတော့ အာဏာရှင် ကို တော်လှန်ဖြုတ်ချနိုင်ခဲ့တဲ့ပထမနှစ်ပတ် လည် အခမ်းအနား မှာ သမ္မတ မွန်ဆက် မာဇူကီ က လွန်ခဲ့တဲ့ တနှစ် က တူးနီးရှား ပြည်သူ တွေ စွန့်လွှတ် ခဲ့ရတာ တွေအပေါ် အကျိုးမဲ့မဖြစ်စေရဘူးလို့ဆိုလိုက်ပါတယ်။

တနိုင်ငံလုံး ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ မာဇူကီက မြောက်အာဖရိကနဲ့ အရှေ့ အလယ်ပိုင်း ဒေသတွေမှာ အာရပ်နွေဦး ကို အစပျိုးပေးခဲ့ တဲ့ တူးနီးရှား တော်လှန်ရေး ဟာ အနာဂတ်ကောင်း တခုကို တံခါးဖွင့်ပေး နိုင်ခဲ့ ကြောင်း ပြောပါတယ်။

ဒါပေမယ့် တူနစ် မြို့လယ်မှာ တော့ လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မကျေနပ်တဲ့ လူထောင်ပေါင်း များစွာ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

တူနီးရှား နိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ တိုးလာနေတာတွေ၊ အရှိန် အဟုန်နဲ့ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ တွေကြောင့် ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေ၊ နောက် အဂတိလိုက် စားမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းထောက်တွေက ပြောပါတယ်။