အာဆတ်ဒ် အပြစ်ရပ်ဖို့ ဘန်ကီမွန်းပြော

ban
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယား သမ္မတ အာဆတ်ဒ်ကို အစိုးရ ဆန့်ကျင်တဲ့ ဆီးရီးယား ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ် နေမှုကို ရပ်တန့်ဖို့ အတွက် ထပ်ပြီး တောင်းဆိုလိုက် ပါတယ်။

လက်ဘနွန် နိုင်ငံမှာ ကျင်းပတဲ့ ဒီမိုကရေစီနဲ့ အာရပ်ကမ္ဘာ ညီလာခံမှာ မစ္စတာ ဘန်က အာရပ်လူမျိုး တွေရဲ့ တော်လှန်ရေး တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေဟာ အာဏာရှင် တွေကို လက်မခံတော့ဘူး ဆိုတာကိုပြသ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူက အာရပ် ခေါင်းဆောင် တွေကို အာရပ် နွေဦး လှုပ်ရှားမှုတွေ ရဲ့ အစပိုင်းမှာ ထဲက ပြည်သူတွေ ဆီက လာတဲ့ အသံတွေကို နားထောင်ကြဖို့ သတိပေးခဲ့ တဲ့ အကြောင်းနဲ့ နားမထောင် ခဲ့သူတွေလဲ အခုတော့ အဲဒီ အတွက် အကျိုးတွေ ကိုခံစား ခဲ့ရတဲ့ အကြောင်း ကိုလဲ ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အာလန်း ယူပေးကတော့ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ရေငုံ နှုတ်ပိတ် လုပ်နေတဲ့ အပေါ်မှာ ဝေဖန် ပြစ်တင် လိုက်ပါတယ်။