ပါကစ္စတန် ဝန်ကြီးချုပ်ကို ရုံးတော် ဆင့်ခေါ်

President and PM ဓာတ်ပုံ မူပိုင် b
Image caption ပါကစ္စတန် သမ္မတ ဇဒါရီနဲ့ ဝန်ကြီးချုပ် ဂျီလာနီ အတူ တွေ့ရစဉ်

ပါကစ္စတန် သမ္မတ ဇာဒါရီနဲ့ တခြား ရာနဲ့ချီ တဲ့ လွှတ်တော် အမတ်တွေရဲ့ အဂတိလိုက် စား မှုတွေကို ပြန်စစ်ဆေးဖို့ ပျက်ကွက်မှု အတွက် ဝန်ကြီးချုပ် ယူဆပ်ဖ ဂျီလာနီဟာ တရား ရုံးတော်ကို မထေ့မဲ့မြင် ပြုနေတယ် လို့ ပါကစ္စတန် တရားရုံးချုပ်က ကြေညာ လိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျီလာနီကို ကြာသပတေးနေ့မှာ တရားရုံးကို လူကိုယ်တိုင် လာဖို့ ဆင့်ခေါ် ထားပါတယ်။

ဝန်ကြီးချုပ် အနေနဲ့ တရားရုံးရဲ့ ဆင့်ခေါ်မှုကို ရင်ဆိုင်ရုံမှ အပ တခြား ရွေးစရာလမ်း မရှိဘူးလို့ အကြီးတန်း ရှေ့နေ တယောက်က ထင်မြင်ချက် ပေးပါတယ်။

သမ္မတ ဇာဒါရီ အပါအဝင် ထိပ်တန်း လွှတ်တော် အမတ် တချို့ကို အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ တရားစွဲဆိုခွင့် ပလပ်ထားမှုကို ရုပ်သိမ်းပေးဖို့ တရားရုံးချုပ်က အစိုးရကို ညွှန်ကြား ထားပေမယ့် အစိုးရက ခုထိ ဘာမှ မလုပ်သေးတဲ့ အတွက် တရားရုံးချုပ်က ဝန်ကြီးချုပ်ကို လူကိုယ်တိုင် လာဖို့ ဆင့်ခေါ်တဲ့ အထိ ဖြစ်လာ ခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာ ဒီအမှု ပေါ်လာတာ ဖြစ်တဲ့ အတွက် ဒီတိုင်းဆို အရပ်သား အစိုးရ ခံပါ့မလား ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်နေပါတယ်။

ဒီနေ့မှာပဲ ပါကစ္စတန် လွှတ်တော်မှာ အစိုးရကို အယုံအကြည် ရှိမရှိ အဆိုကို မဲခွဲမှာ ဖြစ်ပါတယ်။