ခရီးသည် ကယ်လို့ မကုန်ခင် ကပ္ပတိန် သင်္ဘောကို စွန့်ခွာခဲ့

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လူတွေ ကယ်လို့ မကုန်ခင် ကတ်ပတိန် သင်္ဘောကို စွန့်ခွာခဲ့

အီတလီ ကမ်းရိုးတမ်းမှာ တိမ်းမှောက်သွားတဲ့ Costa Concordia အပျော်စီး သင်္ဘောပေါ်က အသံဖမ်းစက် ထဲက အပြန်အလှန် ပြောကြားချက်တွေ အရ ခရီးသည်တွေကို ကယ်ဆယ်ရေး လုပ်နေတုန်း ကတ်ပတိန်က သင်္ဘောကနေ စွန့်ခွာ သွားခဲ့တာကို တွေ့ရှိခဲ့ ပါတယ်။

ကမ်းခြေစောင့် တပ်အရာရှိက ကတ်ပတိန် Francesco Schettino ကို သင်္ဘောဆီ ပြန်သွားဖို့ အကြိမ်ကြိမ် အမိန့်ပေးပြီး နှစ်ဖက် အပြန်အလှန် အချေအတင် ပြောနေတဲ့ အသံတွေကို အဲဒီစက်ထဲက ပြန်ကြားခဲ့ ရတာ ဖြစ်ပါတယ်။

မစ္စတာ ရှက်တီနို ဟာ လူသေမှုနဲ့ တရားစွဲ ခံရနိုင်ပြီး သူကတော့ ဘာမှ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းခဲ့သလို သင်္ဘောတိမ်းမှောက်မှု ဖြစ်ပြီးတဲ့နောက် လူရာပေါင်းများစွာ အသက်ကို သူကယ်ခဲ့လို့ ၊ မဟုတ်ရင် လူထောင်နဲ့ချီ သေနိုင်တယ်လို့ ပြောပါတယ်။

သူ့ရှေနေကတော့ တရားသူကြီးက ကတ်ပတိန်ကို အိမ်အကျယ်ချုပ် ထားဖို့ အမိန့်ချ လိုက်ပြီလို့ ပြောပါတယ်။

ဒီသင်္ဘော တိမ်းမှောက်မှုနဲ့ ပတ်သက်လို့ သေဆုံးသူ ၁၁ ယောက် နီးပါး ရှိပြီလို့ သိရပါတယ်။