အာဖဂန်က ပြင်သစ်တပ်ဖွဲ့တွေရဲ့ စစ်ရေးရပ်ဆိုင်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ်စစ်သားတွေဟာ သတ်ဖြတ်ခံလိုက်ရ တာ ဖြစ်ပါတယ်

အာဖဂန်စစ်သား တဦးရဲ့ လက်ချက်ကြောင့် အာဖဂန်မှာ ပြင်သစ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး သွားပြီး၊ တခြား အနည်းဆုံး ၁၆ ဦးလောက် ဒဏ်ရာ ရရှိ သွားတဲ့အတွက် ပြင်သစ်ဟာ အာဖဂန်စစ်တပ်နဲ့ ပူးတွဲ စစ်ရေး ဆောင်ရွက်မှုတွေနဲ့ လေ့ကျင့် သင်တန်းပေးနေမှု အစီအစဉ်တွေကို ဆိုင်းငံ့လိုက်ပါပြီ။

အာဖဂန်ကနေ ပြင်သစ်စစ်တပ်ကို စောစော ပြန်ရုပ်ဖို့အတွက်လည်း စဉ်းစားမှာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတ နီကိုလက်စ် ဆာကိုဇီက ပြောပါတယ်။

နောက်ပြီး အခုကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ် ရေး ဝန်ကြီးတွေကို ကာဘူးလ်ကို ချက်ခြင်းစေလွှတ်မှာ ဖြစ်တယ်လို့ ပြောပါ တယ်။

အခု သေဆုံး သွားကြတဲ့ ပြင်သစ် စစ်သားတွေဟာ လက်နက်ကိုင်ဆောင် ထားခြင်း မရှိခဲ့ဘူးလို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Gerard Longuet ပြောပါတယ်။ သူတို့ဟာ သတ်ဖြတ်ခံလိုက်တာရတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ပြင်သစ်စစ်သားတွေက သင်တန်းပေးဖို့ လုပ်နေတဲ့ လူတွေကနေ စစ်သားတွေကို ပြန်သတ် ဖြတ်တဲ့ အခုဖြစ်ရပ်ဟာ သီတင်း ၃ ပတ် အတွင်း ဒုတိယ အကြိမ် ဖြစ်ပါတယ်။

နေတိုး မဟာမိတ်တပ်ဖွဲ့မှာ ပြင်သစ် တပ်ဖွဲ့ဝင်အင်အား အများအပြား ပါဝင်နေတာ ဖြစ်တဲ့ အတွက် အခုလို ပြင်သစ်က ပြန်ရုပ်မယ်ဆိုရင်တော့ အာဖဂန်မှာ တာလီဘန်တွေကို တိုက်ခိုက်ရာမှာ အခက်အခဲတွေ ပိုရှိလိမ့်မယ်လို့ အာဖဂန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။