ဂရိ အကြွေး ဆွေးနွေးမှု တိုးတက်မှုရှိ

euro debt ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ အကြွေး လျှော်ပစ်ရေး ဆွေးနွေးမှု တိုးတက်မှုရှိ

ဂရိ အစိုးရရဲ့ အကြွေးတွေကို တစိတ်တပိုင်း လျှော်ပစ်ရေး အတွက် ပုဂ္ဂလိကကြွေးရှင် တွေ နဲ့ ဂရိ အစိုးရတို့ ဆွေးနွေး ပြောဆိုမှု မှာ တိုးတက်မှုတွေ ရှိတယ်လို့ သက်ဆိုင်ရာ က ပြောပါတယ်။

ဂရိရဲ့ ကြွေးရှင် ဘဏ္ဍာရေး အဖွဲ့အစည်းလေးရာ ကျော်ကို ကိုယ်စားပြုထားတဲ့ အဖွဲ့နဲ့ ဂရိ အစိုးရ တို့ ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

ဂရိ အစိုးရရဲ့ အကြွေး ဘီလီယံ တရာ့သုံးဆယ် လောက်ကို လျှော်ပစ်ဖို့ ကိစ္စကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ခုအကြွေး လျှော်ပစ်ရေး သဘော တူညီချက် ရမှ ဂရိဟာ အီးယူကနေ ကယ်ဆယ်ရေး ပိုက် ဆံတွေ ထပ်ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။