ကြားဖြတ် ရွေးကောက်ပွဲ နိုင်ငံတကာ ဝင်စစ်ခွင့် ပေးဖို့ ကန်အမတ် တောင်းဆို

Image caption မြန်မာ့ အရေးကို အလေးထားတဲ့ ဆီးနိတ်တာ မက်ကိန်း

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့ အခါ မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ က လေ့လာသူတွေကို ဝင်ရောက် စစ်ဆေးခွင့် ပေးသင့်တယ်လို့ တိုက်တွန်း လိုက်ပါတယ်။

ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတမယ် ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ ဆက်ဆံရေး တိုးမြှင့်ပေးမယ်လို့ ဆီးနိတ် အမတ် မက်ကိန်းက မြန်မာ သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ ဆိုရင် မြန်မာ အနေနဲ့ တိုင်းရင်းသား ဒေသက ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အပါအဝင် လုပ်ဆောင် စရာတွေ အများကြီး လိုသေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် လေးယောက်ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေး ခဲ့ ပါတယ်။

သမ္မတ အိုဘားမားက တချို့ ပိတ်ဆို့ အရေးယူမှုတွေကို ချက်ချင်း ဖယ်ရှားပေးနိုင် ပေမယ့် ကျန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ အတွက် ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုချက် တွေ လိုလိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြောကြားခဲ့ကြောင်း သိရပါတယ်။