ဆီးရီးယားတပ်ပြေးတွေ ဒမတ်စကာဒ် ရပ်ကွက်သိမ်း

Syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား မြို့တော်က ရပ်ကွက်ကို တပ်ပြေးတွေ သိမ်းပိုက်နိုင်ခဲ့လို့ သူပုန်တွေပြော

ဆီးရီးယား နိုင်ငံမှာ တပ်ပြေးတွေနဲ့ အစိုးရ တပ်တွေ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားပြီး နောက်မှာ တပ်ပြေးတွေက ဒမတ်စကပ်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုရဲ့ နေရာ အများ အပြားကို သိမ်းပိုက်နိုင်ခဲ့ တယ်လို့ ဆီးရီးယား သူပုန်တွေက ပြောပါတယ်။

နှစ်ဘက် တိုက်ပွဲဟာ ညအတော် နက်ချိန်ထိ ဖြစ်ပွားခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

အစောပိုင်းကတော့ ဒိုးမား ရပ်ကွက်မှာ အသုဘ တခု ချနေတုန်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခပ်ရာမှာ လူလေးယောက် သေဆုံးခဲ့တယ်လို့ သူပုန်တွေက ပြောပါတယ်။

လောလောဆယ် အဲဒိနေရာကို ပိတ်ထားတဲ့ အတွက် သီးခြား လွတ်လပ်တဲ့ လေ့လာသူတွေ လည်း ဝင်ခွင့် မရဖြစ်နေပါတယ်။

ဒီအတော အတွင်းမှာ ဆီးရီးယား အတိုက်အခံတွေက ဆီးရီးယား အကျပ်အတည်းကို လုံ ခြုံရေး ကောင်စီကို လွှဲဖို့ အာရပ် အဖွဲ့ချုပ်ကို တရားဝင် တောင်းဆို လိုက်ပါတယ်။

ကိုင်ရို အခြေစိုက် ဆီးရီးယား အတိုက်အခံ အဖွဲ့ဖြစ်တဲ့ အမျိုးသား ကောင်စီ ပြေခွင့်ရ အမျိုးသမီးက တရုတ်နဲ့ ရုရှ အနေနဲ့ အာရပ် အဖွဲ့ချုပ် ကိုယ်တိုင်က မေတ္တာရပ်ခံလာလျင် ဗီတို သုံးဖို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစား လာရလိမ့်မယ်လို့ ပြောပါတယ်။

အာရပ် အဖွဲ့ချုပ် နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကနေ့ ကိုင်ရိုမှာတွေ့ပြီး အာရပ် အဖွဲ့ချုပ်ရဲ့ ဆီးရီးယား လေ့လာရေး ခရီးစဉ် ရှေ့ဘာဆက် လုပ်မလဲ ဆိုတာကို ဆွေးနွေးကြမှာ ဖြစ် ပါတယ်။

လေ့လာရေး အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် နေပေမယ့် နောက်တလ ဆက်သက်တမ်းတိုးဖို့ ဆုံးဖြတ်ဖွယ် ရှိတယ်လို့ သတင်းထောက်တွေက ပြောနေပါတယ်။