အီရန်အပေါ် အီယူက စီးပွားရေးပိတ်ဆို့

Image caption အီးယူကအီရန်ကို ပြင်းထန်စွာ ပိတ်ဆို့မည်

ဘရာဆဲလ်မှာ ကျင်းပနေတဲ့ ဥရောပ သမ္မဂ နိုင်ငံခြားရေးရာဝန်ကြီးများ အစည်းအဝေး မှာ အီရန်နိုင်ငံအပေါ် အနောက်နိုင်ငံများရဲ့ အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့မှုတွေကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကမ္ဘာ့ကုလသမ္မဂလုံခြုံရေးကောင်စီရဲ့ ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်ပြီး အနုမြူလက်နက်ထုတ်လုပ်မှုတွေကို ဆက်လက် ပြီးလုပ်ကိုင်နေတယ်လို့ အီယူ က အီရန်နိုင်ငံ အပေါ် စွတ်စွဲထားပါတယ်။ ဒါကိုအီရန်နိုင်ငံ ကငြင်းဆိုထားပါတယ်။

အီရန်ရဲ့ ရေနံတင်ပို့မှုတွေနဲ့အတူ တခြားစီးပွားရေး လုပ်ငန်းများဖြတ်တဲ့ ဗဟိုဘဏ်ဆက် သွယ်မှု နဲ့ ရွှေရောင်းဝယ်မှုတွေကို ပိတ်ပင်တားဆီးမယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံကလဲ အလားတူ စီးပွားရေး ပိတ်ပင်မှုတွေကို လုပ်ခဲ့ပါတယ်။

အီယူနိုင်ငံတွေဟာ အီရန်ဆီက ရေနံ ၂ဝ ရာခိုင်နှုန်း ကိုတင်သွင်းနေတာဖြစ်လို့ အီယူ ရဲ့ ပိတ်ပင်မှုဟာ ပိုပြီးအရေးပါတယ်လို့ ပြောပါတယ်။