ရေနံအငြင်းပွားမှု ဆူဒန် နှစ်နိုင်ငံဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption ရေနံကိစ္စ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံ ပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြ

တောင်ပိုင်းဆူဒန်နဲ့ အရင်ဆူဒန် နှစ်နိုင်ငံ သမ္မတ တွေဟာ ရေနံနဲ့ပတ်သက်ပြီး ပိုမိုဆိုးဝါးလာ နေတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် အီသီယိုပီးယား နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးနေကြ ပါတယ်။

အခုလို အငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံ အကြား ပဋိပက္ခတွေ ထပ်ဖြစ်လာ စေမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း တိုးပွားလာနေပါတယ်။

တောင်းပိုင်းဆူဒန်နိုင်ငံက သူတို့ဆီက ထွက်တဲ့ရေနံတွေကို အရင် ဆူဒန်နိုင်ငံပိုင် ရေနံ ပိုက်လိုင်းတွေကနေ တင်ပို့နေရတာ ဖြစ်ပါတယ်။

ဒီလိုအသုံးပြုတဲ့အတွက် ဘယ်လောက်ပေးသင့်တယ် ဆိုတဲ့ အပေါ် သဘောထားကွဲပြီး ငြင်းခုန်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လွတ်လပ်ရေးရခဲ့တဲ့ တောင်ပိုင်းဆူဒန်နိုင်ငံဟာ အဲဒီလို အငြင်းပွား ရာကနေ ရေနံထုတ်လုပ်မှုတွေကို စတင် ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။

အီသီယိုပီးယားနိုင်ငံ အဒစ် အာဘာဘာ မြို့မှာ ပြုလုပ်နေတဲ့ ဒီဆွေးနွေးပွဲမှာ အီသီယိုပီးယား နဲ့ ကင်ညာနိုင်ငံတို့က ခေါင်းဆောင်တွေလည်း တက်ရောက် ဆွေးနွေး နေကြပါတယ်။

အခုဆွေးနွေးပွဲကနေ သဘောတူညီချက် ရချင်မှ ရမှာ ဖြစ်ပေမယ့် အနည်းဆုံးတော့ နှစ်နိုင်ငံ တင်းမာမှုတွေကို လျော့စေလိမ့်မယ်လို့ ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

သုံးသပ်သူတွေကလည်း ဆူဒန် နှစ်နိုင်ငံအကြား သဘောတူညီမှု မရနိုင်ဘူးဆိုရင် စစ်ပွဲသစ် တွေ ပြန်ဖြစ်လာနိုင်တယ်လို သတိပေးနေကြပါတယ်။

အရင်ဖြစ်ပွားခဲ့တဲ့ အနှစ် ၂၀ ကျော်ကြာ ပြည်တွင်းစစ်ကြောင့် ခန့်မှန်းချေ အသက်ပေါင်း ၂ သန်းကျော် သေဆုံးခဲ့ရပြီး၊ ၂၀၀၅ ခုနှစ်ကမှ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ကာ ပြည်တွင်းစစ် နိဂုံးချုပ်ခဲ့တာ ဖြစ်ပါတယ်။