ဆီးရီးယား အရေး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးတော့မယ်

Image caption ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆက်ဒ်

ဆီးရီးယား သမ္မတ အာဆတ်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုမယ့် ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မကြာခင် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံရေး ပြဿနာ အခက်အခဲတွေ ရှိတာကြောင့် ဒီဆုံးဖြတ်ချက်ကို မဲခွဲမှာတော့ မဟုတ်ပါဘူး။

ရုရှက နောက်ထပ် ဗီတိုအာဏာ မသုံးလာအောင် ဥရောပနိုင်ငံတွေက အာရပ်နိုင်ငံတွေဆီက အထိရောက်ဆုံး တိုက်တွန်းချက် ထွက်လာဖို့ မျှော်လင့်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာရပ် အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ်နဲ့ ကာတာနိုင်ငံ ဝန်ကြီးချုပ်တို့ဟာ လာမယ့် သတင်းပတ် ကျရင် လုံခြုံရေးကောင်စီမှာ စကားပြောကြမှာ ဖြစ်ပါတယ်။

ရုရှနိုင်ငံရဲ့ အရှေ့ အလယ်ပိုင်းဒေသမှာရှိတဲ့ တခုတည်းသော ရေတပ် အခြေစိုက် စခန်းဟာ ဆီးရီးယား ပိုင်နက် Tartus မြေထဲပင်လယ် ဆိပ်ကမ်းမှာ တည်ရှိပြီး၊ ရုရှဟာ ဆီးရီးယားကို လက်နက်တွေ အဓိက တင်ပို့ရောင်းချတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။