ဆီးရီးယားမှအာရပ်အဖွဲ့ချုပ် ရုပ်သိမ်းဖို့ပြင်

syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အကြမ်းဖက်မှု

အာရပ် အဖွဲ့ချုပ်က ဆီးရီးယားနိုင်ငံ မှာ စုံစမ်း စစ်ဆေးမှုမှု ပြုနေတဲ့ အစီအစဉ် ကို ရပ်ဆိုင်း လိုက်ပါပြီ။ အခုလိုဆုံးဖြတ်ချက် ချမှတ် ရခြင်း နဲ့ ပတ်သက်ပြီး အာရပ်အဖွဲ့ချုပ် ခေါင်းဆောင် နာဘီးလ် အယ်လ် အာရာဘီက ဆီးရီးယားနိုင်ငံ တွင်းမှာ အခြေအနေတွေ ယိုယွင်း ပျက်ပြားနေ သလို၊ အကြမ်းဖက်မှုတွေ လည်း ဆက်လက်ဖြစ်ပွား နေတဲ့ အတွက် ဖြစ်ကြောင်း ပြောပါတယ်။

လေ့လာစောင့်ကြည့်မှု တော့ အခုထိ ပြုနေဆဲပါ။ တကယ်တော့ စုံစမ်းစစ်ဆေးမှု လုပ်ငန်း ကို နောက်တလ တိုးမြှင့် ဖို့ စီစဉ် ပြီးခါ မှ အခုလို ရပ်ဆိုင်းပစ်ဖို့ ဆုံးဖြတ်လိုက် တါပါ။

ဆီးရီးယား ဖက်ကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း၊ ဆီးရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးရာမှာ အာရပ်နိုင်ငံတွေရဲ့ ထောက်ခံမှု မူကြမ်း ဟာ အထိုက်အလျောက် သြဇာ လွှမ်းမိုးစေ ရေး ကို ဦးတည်စေတဲ့ အတွက် ဖြစ်ကြောင်း သိရပါတယ်။

အခုလို ဆုံးဖြတ်လိုက်တဲ့ အတွက်လည်း အကြမ်းဖက်မှု တွေ ပိုမိုတိုးပွား စေရေး အတွက် အားပေးရာလည်း ရောက်တယ်လို့ ဆီးရီးယား အစိုးရ က ပြောပါတယ်။

ဆီးရီးယား နိုင်ငံမှာ အကြမ်းဖက်မှု တွေ ဆက်လက် ဖြစ်ပွားနေ တဲ့ အတွက် နောက်ဆုံး တိုက်ခိုက် ခံရမှု အတွင်းမှာ လူပေါင်း ၃ဝ ကျော် သေဆုံးကြောင်း အစိုးရ ဆန့်ကျင်သူတွေ က ပြောပါတယ်။ အဓိက အတိုက်အခံ အုပ်စု ဆီးရီးယား အမျိုးသား ကောင်စီက ဆီးရီးယား အရပ်သား တွေ လုံခြုံရေး အတွက် မနက်ဖန်ကျရင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ကို တောင်းဆိုမယ် လို့ ပြောပါတယ်။

သေဆုံးသူတွေ အထဲမှာ စစ်သား တချို့ လည်းပါဝင်ကြောင်း သိရပါတယ်။ ဆီးရီးယား ပြည်ထဲရေး ဝန်ကြီး ကတော့ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ အဖျက်သမားတွေ၊ ဝရမ်းပြေးတွေ ကို သုတ်သင်ရှင်းလင်းဖို့ အစီအစဉ် ချထားယင်း နိုင်ငံရဲ့ လုံခြုံရေး ကို ပြန်လည် တည်ဆောက်ယူမယ် လို့ ပြောပါတယ်။