အီဂျစ် ဘောလုံးရန်ပွဲ နောက်ဆက်တွဲ ဆက်တင်းမာနေ

Egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဖေဖော်ဝါရီ ၁ ရက်က ဘောလုံးပွဲ

ဗုဒ္ဓဟူးနေ့က ပို့ဆက် မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်း ဖက်မှုနဲ့ ဥပဒေမဲ့ ဖြစ်ရပ် တွေကြောင့် အီဂျစ် တစ်နိုင်ငံလုံးမှာ အထိတ် တလန့် ဖြစ်ပြီး တင်းမာ နေပါတယ်။

စိတ်ဆိုး နေကြတဲ့ ဘောလုံး ပရိတ်သတ် တွေက ဖြစ်ခဲ့တဲ့ ရုန်းရင်း ဆန်ခတ်မှုကို ရဲတွေက ကိုင်တွယ် ပုံ အပေါ် မကျေနပ်တဲ့ အတွက် ကိုင်ရို မြို့တော် မှာ ရှိတဲ့ Tahrir ရင်ပြင်နဲ့ အီဂျစ် ရုပ်မြင်သံကြား ဌာန တို့ကို ပိတ်ဆို့ ထားကြပါတယ်။

ဆန္ဒပြသမား တွေက ရင်ပြင်ကို ပိတ်ဆို့ဖို့ သံတုတ်တွေ ကားတွေကို သုံးခဲ့ကြ တာပါ။ မကြာခင် သူတို့က ပြည်ထဲရေး ဝန်ကြီး ဌာနကို ချီတက်သွားကြမှာ ဖြစ် ပါတယ်။

အဓိကရုဏ်းမှာ သေဆုံး သွားခဲ့ကြသူတွေ အတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ် နေ့ သုံးရက် သတ်မှတ် ကြေညာထား ပါတယ်။

ကြာသပတေးနေ့မှာ အရေးပေါ်ခေါ်တဲ့ ပါလီမန် ကိုလည်း တစ်မိနစ် ငြိမ်သက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ပါလီမန် ဥက္ကဌ က ဖြစ်ခဲ့တဲ့ အဓိကရုဏ်းကို မကောင်းမှု လုပ်သူတွေက လုပ်ခဲ့တာ ဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် အီဂျစ် တော်လှန်ရေးကို အန္တရာယ် ဖြစ်စေတယ်လို့ ပြောပါတယ်။

သေဆုံးသွားသူတွေ အတွက် စျပန ကိုတော့ ကြာသပတေးနေ့ အီဂျစ် စံတော်ချိန် မွန်းလွဲပိုင်းက ပို့ဆက် မြို့မှာ ပြုလုပ် ဖို့ စီစဉ် ထားခဲ့ကြ ပါတယ်။

Port Said မှာ ဖြစ်ခဲ့တဲ့ အဲဒီ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တကယ်တန်း ဘာဖြစ်ခဲ့တယ် ဆိုတာ စုံစမ်း စစ်ဆေးဖို့ကိုလည်း အီဂျစ်ကို လက်ရှိ အုပ်ချုပ် နေတဲ့ စစ်ကောင်စီ က အမိန့် ထုတ်ထားပါ တယ်။

စိတ်ဆိုးနေကြတဲ့ Al Ahly သို့မဟုတ် Ultras အသင်းကို အားပေးကြသူ အများ ထဲက တချို့ အတွက်တော့ ဒီလို လုပ်ရုံနဲ့ မလုံလောက် ဘူးလို့ ယူဆ ပြီး Tahrir ရင်ပြင်ကို ပိတ်ဆို့ ဆန္ဒပြ နေခဲ့ကြတာပါ။

အီဂျစ် နိုင်ငံရဲ့ အကြီးဆုံး နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ မူဆလင် ညီနောင်များ အဖွဲ့ ကလည်း စစ်တပ်က လုံ့ခြုံရေး ပေးဖို့ ပျက်ကွက်ခဲ့တယ်၊ သူတို့ အကျိုး အတွက် အခြေ အနေတွေ ဝရုန်းသုံးကား ဖြစ်ပြီး အေးအေးချမ်းချမ်း အာ ဏာလွှဲ ပြောင်းပေးရေးကို ဟန့်တား နိုင် အောင် ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။